|
အစည်းအဝေးကျင်းပသည့်နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးထွန်းထွန်းဦး |
| မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း |
|
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန |
|
| အကြောင်းအရာ |
လျှပ်စစ်ဓာတ်အားခများ ကောက်ခံရန်အတွက် မီတာဖတ်ခြင်း၊ တွက်ချက်ခြင်း၊ တောင်းခံခြင်းစနစ်များသည် လူ၏လုပ်အားကိုသာ အသုံးပြုကောက်ခံနေရ၍ ပြဿနာများ မကြာခဏဖြစ်ပေါ်နေပါသဖြင့် ခေတ်မီအဝေးထိန်းမှတ်တမ်းတင်စနစ် (AMI စနစ်)ကို ကျယ်ပြန့်စွာအသုံးပြု၍ ကောက်ခံသွားရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၃၅)တွင် ဖတ်ရှုပါ။ |