Share this

အဋ္ဌမနေ့ အစီအစဉ် (၂၁ - ၅ - ၂၀၁၉)

Tuesday, May 21, 2019 - 08:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

အဋ္ဌမနေ့ အစီအစဉ်

 [ ၂၁ - ၅ - ၂၀၁၉ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရပြီး ကုန်ထုတ်စခန်း(ယခင်ရဲဘက်စခန်း)များတွင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင် ကြရသည့် အကျဉ်းသားများ၏ တစ်ရက်လုပ်အားခနှုန်းထားများကို ၂၀၀ ကျပ်မှ ပြင်ပတစ်ရက်လုပ်အားခ ၄၈၀၀ကျပ်၏ သုံးပုံတစ်ပုံခန့်သို့ တိုးမြှင့်သတ်မှတ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား နိုင်ငံတကာရဲတပ်ဖွဲ့များကဲ့သို့ အဆင့်မီတပ်ဖွဲ့ဖြစ်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု မြင့်မားတိုးတက်လာစေရန် တာဝန်ရှိ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့အား ကျား/မ ဆိုင်ရာ အကဲခတ်မှုဆိုင်ရာ အသိပညာပေးရန် (Gender Sensitivity Awareness) အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR)” ဒုတိယအကျော့သုံးသပ်မှုခံယူစဉ် မြန်မာနိုင်ငံအနေနှင့် ဖော်ဆောင်ရန် လက်ခံခဲ့သည့် အကြံပြုချက်များအပေါ် နောင်လာမည့် (UPR) တတိယအကျော့၌ အစီရင်ခံစာတင်ပြရန် အဆင်သင့် ဖြစ်/မဖြစ် လက်ရှိ အနေအထား၏ လိုအပ်မှု သို့မဟုတ် ပြည့်စုံမှုအခြေအနေအရပ်ရပ်အား သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံ၏ အရေးကြီးဆုံး အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးအား ရေရှည် တည်တံ့စေရန်အတွက် ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် ထိန်းသိမ်းသွားရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်း ကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာရှိ လေယာဉ်ကွင်းဟောင်းမြေနေရာအား ဘုတ်ပြင်းမြို့နယ် အများပြည်သူပိုင် ပင်လယ်ကမ်းခြေ အပန်းဖြေဥယျာဉ်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ချင်းတိုင်းရင်းသားစာကို မည်ကဲ့သို့ သင်ကြားပေးနေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မြန်မာနိုင်ငံရှိ အခြေခံပညာ မူလတန်းကျောင်းများမှ လုပ်သက်(၁၂)နှစ်အထက်ရှိ မူလတန်း ကျောင်းအုပ်ကြီးများ၏ အပြောင်းအရွှေ့နှင့် လုပ်သက်ရင့် လယ်ပြ-၂၊ လယ်ပြ-၃ ဆရာ/ဆရာမများ၏ ရာထူးတိုး/အပြောင်းအရွှေ့ကိစ္စများနှင့် ပတ်သက်၍ မည်သို့မူဝါဒ ချမှတ်ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ပန်ဝိုင်အခြေခံပညာမူလတန်း (လွန်)ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့် တိုးမြှင့်ပေးရန်နှင့် ဆရာ/ဆရာမဦးရေ ထပ်မံတိုးချဲ့ ခန့်အပ်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ည ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေး တိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင် အကြီးစား ပြင်ဆင်သည့် လုပ်ငန်းတစ်ရပ်လုံးနှင့် ပတ်သက်ပြီး ဆောင်ရွက်သည့်ကုမ္ပဏီနှင့် တာဝန်ရှိသူများကို စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ဦးစိုးသိန်း(ခ) ဦးမောင်စိုး၊ 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

( ခ ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။