အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် ကော်မတီဝင်များသည် ကနေဒါနိုင်ငံ NDI မှ အကြီးတန်းအရာရှိများအား (၁၂.၁၂.၂၀၁၈)ရက်နေ့ (၁၅၁၅)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို (၁၅၄၅)နာရီတွင် ရပ်နားခဲ့ပါသည်။