Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ တိုင်းရင်းသားရေးရာကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ကမ္ဘာ့ဘဏ်အုပ်စုမှ Myanmar Peaceful and Prosperous Communities Project Preparation Mission အဖွဲ့မှ လာရောက်တွေ့ဆုံ

Thursday, January 24, 2019 - 16:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ တိုင်းရင်းသားရေးရာကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ပဋိပက္ခဒဏ်ခံစားနေရသည့် နေရာဒေသများရှိ ပြည်သူများနှင့် အသိုက်အဝန်းများ၏ လူမှုစီးပွားပြန်လည်ကောင်းမွန်လာစေရေး၊ အစိုးရ၏ ကြိုးပမ်းမှုများတွင် အထောက်အပံ့ပေးသွားရန် ကိစ္စနှင့်စပ်လျဉ်း၍ (၂၄.၁.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-14) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ စုစုပေါင်း(၁၁)ဦး တက်ရောက်ကြပါသည်။