အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များက (၂၈.၅.၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I - 15) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ တို့၏ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (Smart card)ဆောင်ရွက်မှုအခြေအနေ၊ လူမှုဖူလုံရေးကြေး ကောက်ခံမှု၊ သုံးစွဲမှု လက်ရှိအခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ အတွင်းရေးမှူး ဦးဥက္ကာမင်းနှင့် ကော်မတီအဖွဲ့ဝင်များအပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်အုန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြပါသည်။