အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား Energize Myanmar Pte.,Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များက (၁၁.၃.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် J ဆောင်၊ ထမင်းစားခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးပါသည်။
ယင်းတွေ့ဆုံရာ၌ Energize Myanmar Pte.,Ltd မှ Mr. Billy Harkin (Chairman) နှင့်အဖွဲ့ဝင် (၁၂)ဦးတို့က မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် Energize Myanmar မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကော်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၉)ဦးတို့ တက်ရောက်ကြပါသည်။