Share this

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉)ကျင်းပ

Tuesday, February 19, 2019 - 16:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၉.၂.၂၀၁၉)ရက်နေ့ (၁၃၁၀)နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြန်လည်ရှင်းလင်း၍ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းကြပါသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို (၁၃၅၀) နာရီတွင် ရပ်နားခဲ့ပါသည်။