Share this

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ် (၁/၂၀၁၉) ကျင်းပ

Wednesday, January 30, 2019 - 16:37
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၃၀.၁.၂၀၁၉) ရက်နေ့ ၁၁၄၅ နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် I-20 (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဦးစွာပထမ ကော်မတီအတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းကာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းကြပါသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ၁၂၁၀ နာရီတွင် ရပ်နားခဲ့ပါသည်။