ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး
၁၂ ရက်မြောက်နေ့ အစီအစဉ်
[ ၁၁ - ၁၂ - ၂၀၁၈ ](အင်္ဂါနေ့) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးနိုင်ကိုကို၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းထားသော မြို့နယ် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီကို ပြည်ထောင်စုအစိုးရမှ ဖျက်သိမ်းပြီး မြို့နယ်များတွင် နယ်ပယ်အလိုက် တတ်သိပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သော Third Party ကို ပြည်ထောင်စုအစိုးရမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ယခုအခါတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ သို့မဟုတ် ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်၍ ဥပဒေဆိုင်ရာ အထောက်အကူဥပဒေ၊ နည်းဥပဒေများတွင် ပြစ်မှု ကျူးလွန်သူများ ရှေ့နေရှေ့ရပ်များ မငှားနိုင်ပါက လိုက်နာဆောင်ရွက် ပေးရန်သာဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် တရားမလမ်းကြောင်းအရ တရားဥပဒေများဖြင့် စွဲဆိုရမည်ဆိုပါက ဥပဒေဆိုင်ရာ အထောက်အကူ အဖွဲ့များမှ လိုက်ပါဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် မည်သို့ လမ်းညွှန်မှု၊ အကြံပေးနိုင်မှုများ ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးဇော်မင်းလတ်(ခ) ဦးကိုလတ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပြည်ထောင်စု ကျောက်တိုင်ကွင်းသို့ လာရောက်လေ့လာကြသော ခရီးသွားဧည့်သည်များ၊ တိုင်းရင်းသားပြည်သူများအတွက် သမိုင်းဝင် ပင်လုံစာချုပ် ပေါ်ပေါက်လာပုံ သမိုင်းနှင့် ပင်လုံကျောက်တိုင် တည်ဆောက်ခဲ့သော ရည်ရွယ်ချက်များကို သမိုင်းနောက်ခံ ပန်းချီကားချပ်များ၊ ဓာတ်ပုံများ၊ အထောက်အထား စာရွက် စာတမ််း မှတ်တမ်းများ၊ မှတ်တမ်းရုပ်ရှင်များဖြင့် စီစဉ်ချိတ်ဆွဲပြသနိုင်စေရန် Mini Cinema တစ်ခု၊ ပြခန်းတစ်ခု၊ ပြည်သူများ စုဝေးခန်းတစ်ခုနှင့် နားနေခန်း တစ်ခုပါဝင်သော ပြတိုက်တစ်ဆောင်ကို ပြည်ထောင်စုအစိုးရအနေဖြင့် ဖြစ်စေ၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့်ဖြစ်စေ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့ရှိ ရှေးမြန်မာမင်းများ တူးဖော်ခဲ့သော ဝက်သည်းကန်ကြီး အတွင်းမှ ရွှံ့နွံများဆယ်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်က ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်အတွင်း ရှေးယခင်အတိုင်း လူနှင့်တိရစ္ဆာန်များ သောက်သုံးရေအဖြစ် အသုံးပြုရသော မြေသားရေကန်(၁၂)ကန်အား ရေစီးရေလာကောင်းရန်၊ ရေသိုလှောင်ထားနိုင်ရန်အတွက် ပြင်ဆင်တူးဖော် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဝါကြိတ်စက်ရုံနှင့် အဆောက်အအုံ (၃၄)လုံးပါဝင်သော (၉.၇၈)ဧက ကျယ်ဝန်းသည့် ဝါစက်ဝင်းကြီးအား (၄-၇-၂၀၁၂)မှ နှစ်ရှည် နှစ်(၃၀)ငှားရမ်းလုပ်ကိုင်နေသော Thein Min Industry Group Co.ltd မှ မူလပင်မစာချုပ်ကြီးနှင့် လိုသလိုပြင်ဆင်၍ အကြိမ်ကြိမ် ထပ်မံချုပ်ဆိုထားသော စာချုပ်များဖြင့် နိုင်ငံတော်အတွက် လည်းကောင်း၊ ဒေသအတွက်လည်းကောင်း အကျိုးလုံးဝမရှိဘဲ ငှားရမ်းသူ စီးပွားရေးသမားကုမ္ပဏီအတွက်သာ အကျိုးရှိနေသော ဝါလုပ်ငန်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့် အဆိုပါ ကုမ္ပဏီအား စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်မှ (၁၄-၃-၂၀၁၇)နေ့တွင် ငှားရမ်းစာချုပ်အား ဖျက်သိမ်းပြီး ငှားရမ်းခြင်းရပ်စဲကြောင်း အတည်ပြုထားခဲ့သော်လည်း ဖျက်သိမ်းရပ်စဲခြင်း မရှိ၍ မည်သည့်အချိန်တွင် ဖျက်သိမ်းရပ်စဲရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၈။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခြင်း။
၉။ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၁၀။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။
၁၁။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။
၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။
၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၃ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။