Share this

၁၄ ရက်မြောက်နေ့ အစီအစဉ် (၃ - ၆ - ၂၀၁၉)

Monday, June 3, 2019 - 08:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၁၄ ရက်မြောက်နေ့ အစီအစဉ်

 [ ၃ - ၆ - ၂၀၁၉ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၄ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံအတွင်း ခိုးဝင်ခိုးသွင်းပြုလုပ်နေသော ဘင်္ဂလီလူမျိုးများကို တည်ဆဲဥပဒေအရ အရေးယူပြီးနောက် နေရပ်ပြန်ပို့ခြင်း အစီအစဉ်အား သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တရားဝင် မှတ်ပုံတင်၍ လုပ်ငန်းလုပ်ကိုင်နေကြသော ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ မည်မျှရှိသည်နှင့် သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုရယူနေသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား အရေးယူဆောင်ရွက်ထားမှု အခြေအနေနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူ ရွှေ့ပြောင်းလုပ်သားများ နစ်နာဆုံးရှုံးမှု မရှိစေရန် ကြိုတင်ကာကွယ်ထားမှုများ မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၁၀) ရရှိရန် ရည်မှန်းချက်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန်နှင့် မြို့နယ်ပြောင်းရွှေ့ပြီး အိမ်ထောင်စုစာရင်း ပြုလုပ် လိုသူများ (ပုံစံ-၁၀) မပါရှိပါက ပြောင်းရွှေ့လာသည့် မြို့နယ်သို့ ပြန်လည် စေလွှတ်ခြင်းမပြုဘဲ ဌာနချင်း ချိတ်ဆက်လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အလုပ်ရုံ၊ စက်ရုံအားလုံးတွင် အလုပ်သမားသမဂ္ဂများ တရားဝင်ဖွဲ့စည်းစေပြီး ပေါ်ပေါက်လာသော ပြဿနာ များကို ဖြေရှင်းနိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားဌာန ကိုယ်စားလှယ်တို့ ပါဝင်သော စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လင်ကွီကျေးရွာနှင့် ကြာညိုပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့တွင် RC တစ်ထပ်ကျောင်းဆောင် တစ်ဆောင်စီကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မြန်မာနိုင်ငံတွင် အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝစွာရရှိရေးနှင့် ပတ်သက်၍ လွန်စွာအားနည်းနေသေးသည်ဖြစ်ပါ၍ အစာအာဟာရ သိပ္ပံနည်းပညာ Food Technology နှင့် ပတ်သက်သော ကျောင်းများ၊ ဒီပလိုမာ၊ ကောလိပ်၊ တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း -

(က)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)

( ခ )ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)၊ 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

( ဂ ) ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၇။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခြေခံပညာရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပြီး ပေးပို့လာသော အခြေခံပညာရေး ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၉။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

-ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၅ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။