Share this

၁၅ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၁၅.၆.၂၀၁၈)

Tuesday, June 19, 2018 - 14:56
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ရက်

( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက် )

[သောကြာနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-

     (က)   ဦးစောမိုးမြင့်() ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() မန္တလေးတိုင်း ဒေသကြီး၊ တကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်များအတွင်း တည်ရှိသော တကောင်းနီကယ်သတ္တု သိုက်အား ထုတ်လုပ်မှုအပေါ် အမြတ်ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသော Myanmar CNMC Nickel Co.,Ltd သည် ဖယ်ရိုနီကယ် ထုတ်လုပ်ရာတွင် စာချုပ်ပါစည်းကမ်းချက် များအား လိုက်နာခြင်းရှိ/မရှိနှင့် အကျိုးအမြတ်အား မည်သို့ခွဲဝေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုပြီး ပုံသေမြေငှားရမ်းနှုန်းထား အဖြစ် တစ်စတုရန်းကီလိုမီတာ အတွက် အမေရိကန်ဒေါ်လာ(၅၀၀)နှုန်း သို့မဟုတ် ယင်းငွေနှင့်ညီမျှသည့်ယူရိုငွေကို သတ္တုတွင်းဦးစီးဌာနသို့ နှစ်စဉ် ပေးသွင်းရမည်ဟု စာချုပ်ပါဖော်ပြချက်အရ ကုမ္ပဏီမှ ကောက်ခံခဲ့ပါကြောင်း၊ သတ္တုတွင်းလုပ်ငန်း၏လိုအပ်ချက်အတိုင်း ဓာတ်သတ္တုခွန်ကို ပစ္စည်းအနေဖြင့် လည်းကောင်း၊ သို့မဟုတ် ငွေကြေးအနေဖြင့်လည်းကောင်း ပေးဆောင် ရမည်ဟုဖော်ပြချက်အရ ဖယ်ရိုနီကယ်တန်ဖိုး၏(%)ကို ဓာတ်သတ္တုခွန် အဖြစ် သတ္တုတွင်းဦးစီးဌာနကရရှိပါကြောင်း၊ အမြတ်ခွဲဝေရရှိမှုနှင့် စပ်လျဉ်း၍ ကုန်သွယ်မှုမူဝါဒကောင်စီ၏ကုမ္ပဏီမှ ရာခိုင်နှုန်းပြည့် လုပ်ကိုင်စေ၍ ထုတ်လုပ်မှုအပေါ် ကုမ္ပဏီနှင့်ဌာနတို့ အကျိုးအမြတ်(၅၀%)စီ ခွဲဝေယူရန်ဆုံးဖြတ်ချက်အတိုင်း မူလလုပ်ငန်း သဘောတူစာချုပ်အရ ထုတ်လုပ်ရရှိသည့် ဖယ်ရိုနီကယ်တန်ဖိုးမှ ဓာတ်သတ္တုခွန်(%)ကို နုတ်ပယ် ပြီး ပေါက်စျေးအပေါ်အခြေခံကာ အချိုးခွဲဝေပါကြောင်း ဖြေကြားသည်။

()    ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်() ချင်းပြည်နယ်ရှိ မြို့နယ် ()မြို့နယ်တွင် တောရိုင်းတိရစ္ဆာန်များ တားဆီးကာကွယ်ထိန်းသိမ်းရန် ဘေးမဲ့တောများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံတွင် ၂၀၁၈ခုနှစ်၊ မတ်လအထိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၀)ခု သတ်မှတ်ဖွဲ့စည်းခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန်ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည့် ဧရိယာ (၁၄)ခုရှိကြောင်း၊ ချင်းပြည်နယ် ()မြို့နယ်တစ်ခုလုံးကို လွှမ်းခြုံပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းနိုင်ရေးနှင့် ပတ်သက်၍ ဇီဝမျိုးစုံမျိုးကွဲစာရင်းကောက်ယူရန် လိုအပ်ခြင်း၊ သဘာဝထိန်းသိမ်း ရေးဝန်ထမ်းများ တိုးချဲ့ခန့်အပ်ရန် အခက် အခဲရှိခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းပြီးပါက အုပ်ချုပ်ရေးမှူးရုံးများဆောက်လုပ်ပြီး ကင်းလှည့်ထိန်းသိမ်းရေး ဆောင်ရွက်ရန် လိုအပ်နေခြင်းတို့ကြောင့် ()မြို့နယ်တစ်ခုလုံးကိုလွှမ်းခြုံ၍ ဖွဲ့စည်း နိုင်ခြင်းမရှိသေးသော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူ များ၏ ထောက်ခံအားပေးမှုဖြင့်  ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တွင်  ဗွေပါးတောင်ဒေသ၊ ကျီးရီးယန်းတောင်ဒေသ၊ ဖလမ်းမြို့နယ်တွင် လေသာ တောင်နှင့် ထန်တလန်မြို့နယ်တွင် မီအေပီတောင်တို့ကို သဘာဝ ထိန်းသိမ်း ရေးနယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း၊ အမိန့်စာထုတ်ပြန် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုနှင့် သတ်မှတ်ဖွဲ့စည်းမှုလုပ်ငန်းများတွင် ဒေသခံပြည်သူလူထု ထောက်ခံအားပေးရေးနှင့် ပူးပေါင်းပါဝင်ရေးကို ကိုယ်စားလှယ် တော်ကြီးမှ စည်းရုံးဆောင်ရွက်ပေးပါက ချင်းပြည်နယ်တွင် သဘာဝထိန်းသိမ်း ရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းရန် ဆောင်ရွက်မှုများသည် အချိန်တို အတွင်း အောင်မြင်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

     ()    ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ်  မဲဆန္ဒနယ်အမှတ်(၁၂) နယ်စပ်ဒေသနှင့် နယ်စွန် နယ်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ အပြောင်းအရွှေ့ကိစ္စများနှင့် ရာထူးတိုးကိစ္စများကို ဦးစားပေး စိစစ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း က ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင်အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့ အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုသည့် ကိစ္စရပ်များကို နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ထောက်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးလျက်ရှိပြီး အမှုထမ်းများ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြား ချက်ထားသည်နှင့် အညီ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ နှစ်ဖက်ဌာန၊ အဖွဲ့အစည်းတို့၏ အပြန်အလှန် သဘောတူညီမှု၊ လိုအပ်သည့်အချက်အလက် များ အပြည့်အစုံဖော်ပြလျက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြ၍ ခွင့်ပြုချက် ရယူဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအတွင်း ပြောင်းရွှေ့ ခြင်းများ နှင့်စပ်လျဉ်း၍   ဝန်ကြီးဌာနအများစုမှ နယ်စပ်ဒေသနှင့် နယ်စွန်နယ်ဖျား များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ပြောင်းရွှေ့ရေးမူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပါကြောင်း၊ ရာထူးတိုးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များပါသတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

  () ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ() မြေစာရင်းပုံစံ(၁၀၅)နှင့် မြေငှားဂရန်များ လျှောက်ထားရာတွင်လည်းကောင်း၊ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင် လည်းကောင်း၊ လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကြာမြင့်ချိန်၊ အမှန် တကယ်ကုန်ကျသည့် ကုန်ကျစရိတ်နှင့် အခွန်နှုန်းထားများအား သိရှိလိုခြင်းနှင့် အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး  ဦးလှကျော် က အများပြည်သူ သိရှိဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများတွင် (Venyl) ဖြင့် ထင်ထင်ရှားရှား ချိတ်ဆွဲတပ်ဆင်ထားရှိပါကြောင်းနှင့် အများပြည်သူ ပိုမို ကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (Website) တွင် တင်ထားကြောင်း ရှင်းလင်း ဖြေကြားသည်။

       ()  ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() လျှော် ဖြူပင် (Sterculia Versicolour Wall) စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးပညာ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးမြေသစ်များ ဖော်ထုတ်ပေးခြင်း၊ လျှော်ဖြူပင်မှထွက်ရှိ သော လျှော်ဖြူစေးတင်ပို့ ရောင်းချခြင်းတို့အတွက် ဈေးကွက်ရှာဖွေမြှင့်တင်ခြင်း များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးလှကျော် က  လျှော်ဖြူသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အပေါ် လိုက်လျောညီထွေဖြစ်စေရေးအတွက် သီးနှံအမယ်စုံ စိုက်ပျိုးရေးနှင့် သီးနှံ-သစ်တော ရောနှော တောင်သူပညာပေး စိုက်ကွက်များအဖြစ် စိုက်ပျိုးပြသခြင်း၊ ကျွမ်းကျင်လုပ်သားဖြင့် အစေးထုတ် နည်းပညာ ပေးခြင်း၊ မျိုးကောင်းမျိုးသန့် ပျိုးပင်များရရှိနိုင်ရေး ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ဆက်သွယ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေ သစ်များ ဖော်ထုတ်ပေးခြင်းမှာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက် လိုသူများနှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အစီအမံများ အပေါ် မိမိဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ဖြေကြားသည်။

      ()   ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်() ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ မြို့မကျေးရွာအုပ်စုအတွင်းရှိ ကန်ရေသောက်လယ်များမှ မှီခိုအားထားနေရသည တိမ်ကောစပြုနေသော နောင်ခမ်းကန်အား ပြန်လည် ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးလှကျော် က မြေပြင် အသေးစိတ်စူးစမ်းလေ့လာခြင်းနှင့် ဒီဇိုင်း ပြုတွက်ချက်ခြင်းများကို ယခုနှစ် မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက် သွားမည်ဖြစ်ပြီး တွက်ချက်မှုများအရ လိုအပ်သည့် ရန်ပုံငွေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်အတွင်း ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စား ဖြေကြား သည်။

အတည်ပြုခြင်း

၃။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထား သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို  လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၄။      မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကိုယ် စားလှယ် ()ဦးက ဆွေးနွေးသည်။

၅။      အစည်းအဝေးကို ၁၁၃၄ နာရီအချိန်တွင် ရပ်နားပြီး (၁၆)ရက်မြောက်နေ့ အစည်း အဝေးကို ၁၈--၂၀၁၈  ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

                                                                                အမျိုးသားလွှတ်တော်