| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးဌေးဦး |
| ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး |
| ပြည်ထဲရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
၂-၁-၂၀၁၆ နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၁၀)ပါ Happy World ကစားကွင်းအတွင်း မိန်းကလေးများအပါအဝင် ဂိမ်းကစားသူများ အောင်မြင်ပါက အမျိုးသားလိင်တန်ဆာ ပစ္စည်းအတု များကို လက်ဆောင်ပေးခဲ့ကြောင်း မန်နေဂျာမှ ဝန်ခံပါလျက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂၊ ပုဒ်မ ၂၉၃ နှင့် ပုဒ်မ ၃၅၄ တို့အရ အရေးယူရမည့် အစား အဘယ့်ကြောင့် အရေးမယူခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၆)တွင် ဖတ်ရှုပါ။ |