| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ကြည်း ၂၆၂၀၉ ဗိုလ်မှူး အောင်နိုင်ဦး |
| ၃။ | အခြားအမည်ရှိလျှင် | - | ကျော်ကျော် |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၅/စကန(နိုင်)၀၁၇၂၈၉ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၉-၀၆-၁၉၆၉ / (၄၉) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ခလရ(၅၂) ခန္တီးမြို့၊ စစ်ကိုင်းတိုင်း |
| ၈။ | ပညာအရည်အချင်း | - | သိပ္ပံဘွဲ့ (ရူပဗေဒ)၊ ကွန်ပျူတာသိပ္ပံ ဒီပလိုမာ(DCSC) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | စစ်မှုထမ်း၊ တစသ(၈)၊ သတင်းဌာန |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးမောင်မောင်လှ၊ ၅/စကန(နိုင်)၁၀၉၃၂၃၊ စစ်မှုထမ်း(ငြိမ်း) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မေသန်းလှိုင်၊ ၅/စကန(နိုင်) ၁၀၆၂၆၄၊ မှီခို |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သိင်္ဂီမြင့်၊ ၅/စကန(နိုင်)၁၉၈၆၇၄၊ မှီခို |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် | - | (၁) မောင်ပိုင်ဇင်ကျော်၊ ၅/စကန(နိုင်) ၂၇၅၇၆၇၊ ကျောင်းသား (၂) မောင်နိုင်ဇင်ကျော်၊ ၅/စကန(နိုင်) ၂၇၅၇၆၆၊ ကျောင်းသား |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | တစသ(၈)စစ်တွေ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | တပ်မတော်သားကိုယ်စားလှယ် |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - |
သူငယ်တန်းမှ တတိယတန်းအထိ မြစ်ကြီးနား(ပမ္မတီး)၊ စတုတ္ထတန်း ကို ရွှေဘိုမြို့တပ်တွင်း အ.လ.က၊ ပဉ္စမတန်းကို ဟိုပင်မြို့ အ.ထ.ကနှင့်ဆဋ္ဌမတန်းမှ ဒသမတန်းအထိ အ.ထ.က(၂) စစ်ကိုင်းမြို့တို့တွင် ပညာဆည်းပူး ခဲ့သည်။ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့၌ တက်ရောက်ခဲ့ပြီး B.Sc (Physic, Dip. Computer)ဘွဲ့ ရရှိခဲ့သည်။
မိုင်းတုံမြို့ ခမရ(၅၁၉)နှင့် ဖူးကြီး ခမရ(၇၀၆)တွင် တပ်စုမှူး အဖြစ် လည်းကောင်း၊ ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် တအခ တို့တွင် နည်းပြအဖြစ် လည်းကောင်း၊ ဖြူးမြို့ ခမရ(၃၀၆)တွင် ဌာနချုပ်တပ်ခွဲမှူးအဖြစ် လည်းကောင်း၊ စဗခ(ဖာပွန်)တွင် ဦးစီးဒု(ရေး/ထောက်)အဖြစ်လည်းကောင်း၊ ရတခ (မော်လမြိုင်) တွင် ဦးစီးဒုစစ်ထောက် အဖြစ်လည်းကောင်း တဆသ(၉)နှင့် တဆသ(၈) တို့တွင်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်မှ ချီးမြှင့်သော ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း-မဲသဝေါတိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်နှင့် စစ်မှုထမ်းသက် (၅)နှစ် တံဆိပ်တို့ကို ရရှိခဲ့ပါသည်။