
| ၁။ | အကြိမ် | - | ပထမအကြိမ် |
| ၂။ | အမည် | - | ဦးခက်ထိန်နန် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ကချင်/ခရစ်ယာန် |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁/မကန(နိုင်) ၀၆၉၄၂၉ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၁-၀၄-၁၉၅၉ / (၅၉) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | မရမ်းကျေးရွာ၊ မိုးကောင်းမြို့၊၊ ကချင်ပြည်နယ် |
| ၈။ | ပညာအရည်အချင်း | - | B.Sc(Zoology)၊ Dip in Agri; D.min (Dip in Missionary) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | သူရဲကောင်းမှတ်တမ်းဝင် ဗိုလ်ကြီးခက်လ၊ ကြည်း ၅၄၄၁ (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ရွယ်ဂျား (ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်နန်ဆိုင်း၊ ၁၂/ရကန(နိုင်) ၀၁၆၈၁၇၊ မှီခို |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် | - | (၁) မခက်ဆိုင်းထွယ်ပန်၊ နောက်ဆုံးနှစ်(ဆေး - ၁)၊ ရန်ကုန်။ (၂) မောင်ခက်ဆိုင်းထွယ်အောင်၊ ပထမနှစ် (Eng)၊ ရန်ကုန်။ (၃) မောင်ခက်မျိုးထွယ်နော်၊ ဒသမတန်း၊ အ.ထ.က(၁)ဒဂုံ၊ ရန်ကုန်။ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၄၈) ၊မလိဂင်ရာ၊ စီတာပူရပ်ကွက်၊ မြစ်ကြီးနားမြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁) |
(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန် –
၁၉၆၅ မှ ၁၉၇၀ ခုနှစ်အထိ အ.မ.က စီတာပူ၊ မြစ်ကြီးနားမြို့တွင် သော်လည်းကောင်း၊ ၁၉၇၁ မှ ၁၉၇၄ ခုနှစ်အထိ အ.လ.က(၅)၊ မြစ်ကြီးနားမြို့တွင် သော်လည်းကောင်း၊ ၁၉၇၅ မှ ၁၉၇၆ ခုနှစ်တွင် နန်းတွင်း အ.ထ.က၊ မန္တလေးမြို့တွင် သော်လည်းကောင်း၊ ၁၉၇၆ မှ ၁၉၇၇ ခုနှစ်တွင် အ.ထ .က(၁) မြစ်ကြီးနားမြို့တွင် သော်လည်းကောင်း၊ တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် (၁၀)တန်းကို ဂုဏ်ထူး(၁)ဘာသာဖြင့် အောင်မြင်ခဲ့ ပါသည်။ ၁၉၇၈ မှ ၁၉၇၉ ခုနှစ်တွင် မြစ်ကြီးနား ဒေသကောလိပ်၊ စိုက်ပျိုးရေးဘာသာရပ်ကို သင်ကြားခဲ့ပြီး စိုက်ပျိုးရေးဒီပလိုမာ (Dip in Agri;) ကို သော်လည်းကောင်း၊ ၁၉၈၀ မှ ၁၉၈၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်တွင် တက်ရောက်ပြီး B.Sc (Zoology) ဘွဲ့ ကို သော်လည်းကောင်း ရရှိခဲ့ပါသည်။စိုက်ပျိုးမွေးမြူရေး ကေဒါသင်တန်း (၁၉၈၂)၊ အလုပ်သမား ရေးရာသင်တန်း (၁၉၈၃)၊ ဗဟိုနိုင်ငံရေး တက္ကသိုလ် လူငယ်စီမံ (မင်္ဂလာဒုံ – ၁၉၈၄) တို့ကို တက်ရောက်ခဲ့ပါသည်။ ၂၀၁၃ မှ ၂၀၀၅ ခုနှစ်တွင် D.min (Dip in Missionary) ဒီပလိုမာကို ရရှိခဲ့ပါသည်။
(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန် –
မြို့နယ် လမ်းစဉ်လူငယ် အတွင်းရေးမှူး ၊ အင်ဂျန်းယန်မြို့။
မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ အတွင်းရေးမှူး ၊ အင်ဂျန်းယန်မြို့။
မြို့နယ်စာတတ်မြောက်ရေး ကော်မတီအတွင်းရေးမှူး၊ အင်ဂျန်းယန်မြို့။
ဥက္ကဋ္ဌ၊ အောင်ရွှေကမ္ဘာကျောက်မျက် ကုမ္ပဏီလီမိတက် ၊ ဖားကန့်မြို့၊ ၊ မြစ်ကြီးနားမြို့။
ဒါရိုက်တာ၊ ဖားကန့်ဆိုင်ဘွမ် ကုမ္ပဏီလီမိတက် ၊ ဖားကန့်မြို့။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့ဝင် (၂၀၀၈) နေပြည်တော်။
ဥက္ကဋ္ဌ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ကချင်ပြည်နယ်။
(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း
| စဉ် | မှ | ထိ |
သွားရောက်သည့် နိုင်ငံများ |
သွားရောက်သည့် ကိစ္စ |
မည်သည့်အစိုးရ အဖွဲ့အစည်း အထောက်အပံ့ဖြင့် သွားရောက်သည် |
| ၁။ | ၂.၄.၂၀၁၁ | ၆.၄.၂၀၁၁ | ကမ္ဘောဒီးယား | AIPA အစည်းအဝေး | လွှတ်တော် |
| ၂။ | ၁၄.၆.၂၀၁၂ | ၂၀.၆.၂၀၁၂ | ဂျပန် | လွှတ်တော်၊အစိုးရ အဖွဲ့အစည်းများသို့ လေ့လာရေး | လွှတ်တော် |
| ၃။ | ၃.၁၂.၂၀၁၂ | ၇.၁၂.၂၀၁၂ | ဘရူနိုင်း | သမ္မတနှင့်ခရီးစဉ် | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ |
| ၄။ | ၁၀.၁၂.၂၀၁၂ | ၁၆.၁၂.၂၀၁၂ | အင်ဒိုနီးရှား | ပါလီမန်သို့သွားရောက် လေ့လာခြင်း | Local N.G.O |
| ၅။ | ၂၀.၄.၂၀၁၃ | ၂၆.၄.၂၀၁၃ | တရုတ် | ကျောက်စိမ်း ကျောက်မျက်စျေးကွက် သွားရောက်လေ့လာ ဆွေးနွေးခြင်း | မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် |
| ၆။ | ၈.၆.၂၀၁၃ | ၁၈.၆.၂၀၁၃ | အမေရိကန် | လွှတ်တော်၊ အိမ်ဖြူတော်၊ ကမ္ဘာ့ကုသသမ္မဂ္ဂသို့ သွားရောက်လေ့လာ ဆွေးနွေးခြင်း | လွှတ်တော် |
| ၇။ | ၂၈.၁၀.၂၀၁၃ | ၃၀.၁၀.၂၀၁၃ | အင်ဒိုနီးရှား | ဂျာကာတာမြို့ Seminar တွင် Spoke Person အဖြစ် ပါဝင်ဆွေးနွေးခြင်း | Local N.G.O |
| ၈။ | ၂၈.၃.၂၀၁၄ | ၁၈.၄.၂၀၁၄ | ဆွီဇာလန် | သင်တန်း | ဆွီဇာလန်သံရုံး |
| ၉။ | ၂၅.၄.၂၀၁၄ | ၂.၅.၂၀၁၄ | ထိုင်းနိုင်ငံ | သာသနာရေး ဆွေးနွေးပွဲ | သာသနာရေး |
| ၁၀။ | ၂၆.၆.၂၀၁၄ | ၈.၆.၂၀၁၄ | တရုတ် | ပေါင်းချန်းမြို့၊ ထင်ချုံးမြို့ | ကချင်ပြည်နယ် |
| ၁၁။ | ၂.၇.၂၀၁၄ | ၈.၇.၂၀၁၄ | ထိုင်းနိုင်ငံ | သင်တန်း |
(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် –
(၁၉၇၇) မှ (၁၉၇၉) ခုနှစ်အထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် လူငယ်ခေါင်းဆောင်၊ မြစ်ကြီးနားဒေသကောလိပ် ကချင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး၊ မြစ်ကြီးနားကောလိပ် ခရစ်ယာန်ဂိုဏ်းပေါင်း စုံမိဿဟာယအဖွဲ့ အတွင်းရေးမှူး၊ မန္တလေးတက္ကသိုလ် ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး၊ (၁၉၈၂ – ၁၉၈၈ ) ခုနှစ် အင်ဂျန်းယန်းမြို့နယ်၊ လမ်းစဉ်လူငယ် အတွင်းရေးမှူး၊မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စာတတ်မြောက်ရေး အတွင်းရေးမှူး၊ ကချင်ပြည်နယ်နှင့် အထိမ်းအမှတ်ရိုးရာ မနောပွဲတော်ကြီး ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ (၂၀၀၅ – ၂၀၀၈) ခုနှစ်အထိ သော်လည်းကောင်း၊ နာယကအဖြစ် (၂၀၀၉ မှ ၂၀၁၁ ) ခုနှစ်အထိ သော်လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်အဖြစ် သော်လည်းကောင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၏ ဥက္ကဋ္ဌ အဖြစ် ၂၀၁၀ ခုနှစ်မှ စတင်၍ ယခုအထိ ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၀ ခုနှစ်မှစ၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် သော်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၃ ခုနှစ်တွင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အတွင်းရေးမှူးအဖြစ် သော်လည်းကောင်း၊ အာဆီယံဆိုင်ရာ နိုင်ငံရေးနှင့် လုံခြုံရေး ကော်မတီဝင်အဖြစ် သော်လည်းကောင်း၊ ၂၀၁၃ ခုမှ ၂၀၁၄ ခုနှစ်တွင် အမျိုးသားလွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကော်မတီဥက္ကဋ္ဌအဖြစ် သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရနှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးခြင်း လုပ်ငန်းစဉ်တွင်လည်း ၂၀၁၁ ခုနှစ်၊ ဇွန်လမှစ၍ ယနေ့အထိ ပါဝင်ဆောင်ရွက်ခွင့် ရရှိပြီး ပါဝင်ကြိုးစားလျက် ရှိပါသည်။ ကချင်ပြည်နယ်တဝှမ်းလုံးရှိ စစ်ရှောင် ပြည်သူများ နေထိုင်သော စခန်းများ (IDP camp) များသို့လည်း (၃) ကြိမ်သွားရောက် အားပေးကူညီ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ (၁.၈.၂၀၁၄) မှစ၍ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ၊ ပဋိပက္ခ လျော့ချရေးနှင့် ငြိမ်းချမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး – မရှိပါ
(စ) အခြားဖော်ပြရန်ရှိသည်များ – မရှိပါ