
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးခင်မောင်လတ် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ရခိုင်/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၁/စတန(နိုင်) ၀၁၃၈၇၇ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၁၇-၁၁-၁၉၅၃ / (၆၅) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ပါဒလိချိတ်ရပ်ကွက်၊ စစ်တွေမြို့ |
| ၈။ | ပညာအရည်အချင်း | - | မဟာသိပ္ပံ နောက်ဆုံးနှစ် |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးကျော်သောင်း(ကွယ်လွန်)၊ အငြိမ်းစား ကျောင်းဆရာ |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်စောသာဖြူ(ကွယ်လွန်)၊ မှီခို |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မစောဖြူ၊ ၁၁/စတန(နိုင်) ၀၁၂၃၃၃ (မှီခို) |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) မဆုသီရိခိုင်၊၁၁/စတန(နိုင်)၀၈၀၈၀၆၊ တက္ကသိုလ်ကျောင်းသူ (၂) မောင်သန်းစိုး၊ ဆဋ္ဌမတန်း၊ ကျောင်းသား |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၈)၊ ရွှေသာလမ်း၊ ကျေးပင်ကြီးရပ်ကွက်၊ စစ်တွေမြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | (ယခင်)ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ယခု)ရခိုင်အမျိုးသားပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၃) |
ပလက်ဝမြို့၊ အ.မ.က၊ စစ်တွေ အ.ထ.က(၁)၊ ပေါက်တော အ.ထ.က စစ်တွေ အ.ထ.က(၂) ၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။
တွဲဖက် အ.ထ.က ဆရာအဖြစ် ကူတောင်ရွာတွင် လည်းကောင်း၊ ကျူရှင်ဆရာ၊ ရေလုပ်ငန်း(စစ်တွေမြို့) နှင့် နိုင်ငံခြားသတင်း အယ်ဒီတာအဖြစ် (မြန်မာနယူးဝိစ် နိုင်ငံတကာရေးရာဂျာနယ်) တို့တွင် ဆောင်ရွက်ခဲ့သည်။
ဗဟိုအလုပ်မှုဆောင်အဖြစ် (ရခိုင်ဒီမိုကရေစီတပ်ပေါင်းစုံပါတီ)တွင် လည်းကောင်း၊ ဗဟိုအလုပ်မှုဆောင်အဖြစ် (ရခိုင်အမျိုးသား ပါတီနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ) တွင် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
မှတ်ချက်