
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးခင်အောင်မြင့် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/သဃက(နိုင်)၁၅၉၂၆၆ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၆-၁၀-၁၉၄၆ / (၇၂) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ပဲခူးတိုင်း၊ပဲခူးမြို့နယ်၊ဘုရားလေးကျေးရွာ |
| ၈။ | ပညာအရည်အချင်း | - | B.A,Diploma in Defence and Security |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးသာခင်(ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ခင်(ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ခင်ပြုံး၊ ၈/သရန(နိုင်)၀၀၆၁၂၁၊ မှီခို |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) ဦးသီဟအောင်မြင့်၊ ၉/ကဆန(နိုင်)၀၀၀၅၆၂ (၂) ဦးဝဏ္ဏအောင်မြင့်၊ ၃/ဘအန(နိုင်)၁၂၁၆၁၇ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၁၀၉၈)၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၈) |
အခြေခံပညာကို ၁၉၅၁ခုနှစ်တွင် ဘုရားလေးကျေးရွာ မူလတန်းကျောင်း၊ အလယ်တန်းပညာကို ၁၉၅၄ ခုနှစ်တွင် ပဲခူးမြို့ ဘုရားကြီးကျေးရွာ အလယ်တန်းကျောင်း၊ အထက်တန်းပညာကို ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ ဝေါမြို့နှင့် ပဲခူးမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ သင်ကြားခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါသည်။
၁၉၆၉ – ၇၀ ပြည့်နှစ်တွင် တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄၀)သို့ တက်ရောက်ခဲ့ပြီးနောက် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၉၆ – ၉၇ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ Diploma in Defence and Security ဘွဲ့ရရှိခဲ့ပါသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်တွဲဖက် အတွင်းရေးမှူး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံမူကြမ်းရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ့သမိုင်းအဖွဲ့ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပထမအကြိမ်အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရပြီး ပြည်ထောင်စုလွှတ်တော် ပထမလပေါင်း (၃၀) ကာလတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ နယူဇီးလန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ပိုလန်နိုင်ငံနှင့် သြစသြေးလျနိုင်ငံများသို့ နိုင်ငံတော်တာဝန်ဖြင့် သွားရောက်ခဲ့ပါသည်။
နိုင်ငံတော်မှ ချီးမြှင့်သော သီရိပျံချီဘွဲ့တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း/မဲသဝေါတိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(ပ)(ဒု)(တ)၊ နိုင်ငံအကျိုးဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ်(၁၉၇၄-၈၈)၊ စစ်ပွဲတံဆိပ် (၁၉၈၈-၉၀)၊ စစ်မှုထမ်းကောင်းတံဆိပ်၊ စစ်မှုထမ်းသက်(၂၀)နှစ်တံဆိပ်၊ တပ်မတော်ရွှေရတုနှစ်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းတံဆိပ်၊ မြန်မာနိုင်ငံစစ်မှူထမ်းသင်္ဂဟတံဆိပ်၊ စစ်မှုထမ်းသက် (၃၃)နှစ် နှင့် အထက်တံဆိပ်များအပြင် ထိုင်းနိုင်ငံ RamKhamhaeng University မှ ချီးမြှင့်သောဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ၂၀၁၄ခုနှစ်တွင်လည်း ရရှိခဲ့ပါသည်။
မှတ်ချက်