| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးညီညီထွေး |
| ၃။ | အခြားအမည်ရှိလျှင် | - | ဦးကိုကိုလေး |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၅/ဖပန(နိုင်)၀၀၀၀၀၇ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၅-၀၅-၁၉၇၀ / (၄၈) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ဖောင်းပြင်မြို့ |
| ၈။ | ပညာအရည်အချင်း | - | ဒသမတန်း |
| ၉။ | လက်ရှိအလုပ်အကိုင် | - | ကုန်သည် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးကံသောင်း၊ ၅/ဖပန(နိုင်)၀၀၁၄၄၅ |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ကျင်ညွန့်၊ ၅/ဖပန(နိုင်)၀၀၁၄၄၇ |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်စန်းစန်းတင့်၊ ၅/ဟမလ(နိုင်) ၀၆၄၀၂၀၊ ကုန်သည် |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) မနေခြည်ခွန်းငုံ၊ ၅/ဟမလ(နိုင်) ၀၉၃၆၇၉၊ ကျောင်းသူ (၂) မသွန်းနန္ဒာထွေး၊ ကျောင်းသူ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ဗိုလ်ချုပ်လမ်း၊ နောင်ပကျစ်ရပ်၊ ဟုမ္မလင်းမြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁၁) |
အ.ထ.က ဖောင်းပြင်၊ အ.ထ.က (၁၄) မန္တလေး၊နှင့် အ.ထ.က(၁) မုံရွာတို့တွင် ပညာသင်ကြားခဲ့ပါသည်။
ကုန်သည်လုပ်ငန်း လုပ်ကိုင်လျက်ရှိပါသည်။
၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး၊ ဖောင်းပြင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် လူငယ်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊၂၀၀၂-၂၀၀၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာတွင် ဟုမ္မလင်းမြို့နယ် တွဲဘက်ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ခန္တီးခရိုင်ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့ အ.ထ.က(၁) ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နောင်ပကျစ် လူငယ်ဝေယျာဝစ္စ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
မှတ်ချက်