
| ၁။ | အကြိမ် | - | ပထမအကြိမ် |
| ၂။ | အမည် | - | ဦးမန်းကံညွန့် |
| ၃။ | အခြားအမည်ရှိလျှင် | - | ဦးကံညွန့် |
| ၄။ | လူမျိုး/ဘာသာ | - | ကရင်ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၀/သဖရ (နိုင်)၀၃၅၇၄၁ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၆-၀၂-၁၉၅၆ / (၆၂) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | မင်္ဂလာဒုံ |
| ၈။ | ပညာအရည်အချင်း | - | အပထ(ခ)အောင်၊ စစ်ဦးစီးတက္ကသိုလ် (Dip of CGSC) (Dip of NDC) စစ်မှုထမ်း(ငြိမ်း) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးသန်းစိန် (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သန်းခင် (ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်နန်းအေးမြိုင်၊ ၁၀/သဖရ(နိုင်) ၀၃၅၆၇၀၊ မှီခို။ |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် | - | (၁) ဒေါ်နန်းသူဇာခင်၊ ၃/ကကရ(နိုင်) ၀၇၁၀၁၂၊ ဝန်ထမ်း။ (၂) စောဝဏ္ဏ၊ ၃/ဘအန(နိုင်) ၁၆၆၉၀၁၊ ယာဉ်မောင်း။ (၃) ဗိုလ်ကြီးနိုင်လင်းအောင်၊ ၃/ဘအန(နိုင်) ၂၀၅၅၇၃၊ စစ်မှုထမ်း၊ တပ်မတော်လေ။ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ၉/က - ၁၁၅၊ မေတ္တာလမ်း၊ (၉)ရပ်ကွက်၊ ဘားအံ။ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၂) |
(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန် –
၁၃၁၇ ခုနှစ် ပြာသိုလ်လ္ဆုလ် (၁၀)ရက် တနင်္လာနေ့တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်အမှတ် (၂၀၄) မော်တော်ယာဉ်တပ်ခွဲတွင် ဖခင်ဦးသန်းစိန် (ဒုတပ်ကြပ်)နှင့် ဒေါ်သန်းခင်တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်က မင်္ဂလာဒုံမြို့ Saint Edward ကျောင်းတွင် သူငယ်တန်းမှ ဒုတိယတန်းအထိ ပညာသင်ကြားခဲ့ပြီး Saint – Edward ကျောင်းအား ပြည်သူပိုင်သိမ်း၍ အလက(၄)မင်္ဂလာဒုံ အဖြစ်ပြောင်းခဲ့ခြင်းကြောင်း တတိယတန်းကို အလက(၄)မင်္ဂလာဒုံတွင် ဆက်လက် သင်ကြား အောင်မြင် ခဲ့သည်။ ၁၉၆၆ ခုနှစ် မိခင်ကွယ်လွန်ပြီး ၁၉၆၇ ခုနှစ်တွင် တောင်ဥက္ကလာပ၊ (၄)ရပ်ကွက်သို့ ပြောင်းရွှေ့ရသဖြင့် အမက (၁) နန္ဒဝန် တောင်ဥက္ကလာပသို့ စတုတ္တတန်းတက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အထက(၁)တောင်ဥက္ကလာပသို့ ပဉ္စမတန်းမှ ဒသမတန်းအထိ ပြောင်းရွှေ့တက်ရောက် သင်ယူအောင်မြင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ဒသမတန်းအောင်မြင်ပြီး စစ်မှုထမ်း အဖြစ် ၄.၄.၇၅ တွင် အလုပ်သင်ဗိုလ် ဗိုလ်လောင်သင်တန်းအမှတ်စဉ် (၅)သို့ တက်ရောက်ပြီး တက္ကသိုလ် ဒုတိယနှစ် အဆင့်နှင့်ညီမျှသော စာပေပညာ၊ အခြေခံစစ်ပညာများကို လေ့ကျင့်ရေး (၂)မေမြို့တွင် တက်ရောက်ခဲ့ရသည်။ ဆက်လက်၍ ဗထူးမြို့ အကြပ်သင်ကျောင်းတွင် စစ်နည်းဗျူဟာများအား လည်းကောင်း၊ မှော်ဘီမြို့ ဗိုလ်သင်တန်းကျောင်းတွင် ဗိုလ်လောင်းပညာများ ဆက်လက် သင်ယူပြီး ၇.၅.၁၉၇၇ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်း၍ တပ်မတော်(ကြည်း)တွင် အလုပ်သင်ဗိုလ်အဖြစ် ခန့်အပ်ခံရသည်။ မိခင်တပ်ရင်းအဖြစ် ခ.လ.ရ(၇)ကလောမြို့တွင် ပြောင်းရွှေ့နေရာချထားခံရပြီး အရှေ့မြောက်ဒေသ (ရှမ်းပြည်မြောက်ပိုင်း)တွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး အရည်အချင်းပြည့်မှီ၍ ၈.၅.၁၉၇၈ ခုနှစ်တွင် ပြန်တမ်းဝင် အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရပြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ်(၂) ကချင်သေနတ်ကိုင်တပ်ရင်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။ တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ရာတွင် အောက်ပါသင်တန်းများ တက် ရောက်ခဲ့သည် –
(၁) တိုင်းတပ်ကွင်းပညာပေးသင်တန်း(နိုင်ငံရေး)(၁၉၇၈) မော်လမြိုင် ရတခ
(၂) နည်းပြအရာရှိသင်တန်း(ဗပဆ)(နိုင်ငံရေး)(၁၉၈၂)ရန်ကုန်
(၃) ခြေလျင်တပ်စုမှူးသင်တန်း(တိုက်ခိုက်ရေးကျောင်း)(ဗထူး)
(၄) ခြေလျင်တပ်ခွဲမှူးသင်တန်း( ။ )(ဗထူး)
(၅) အရာရှိများဦးရေးထောက်သင်တန်း(အုပ်ချုပ်မှုအကူသင်တန်းကျောင်း)မေမြို့
(၆) တပ်ရင်းမှူးသင်တန်း(တိုက်ခိုက်ရေးကျောင်း)(ဗထူး)
(၇) အရာရှိကြီးများအုပ်ချုပ်မှုသင်တန်း(နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်)ရန်ကုန်
(၈) စစ်ဦးစီးတက္ကသိုလ် (ကလော)
(၉) ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေး (ဆင်ဖြူရှင်/ဘုရင်နောင်)(၁၉၉၆)ပုသိမ်
(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန် –
(၁) ကချင်၊ (၂)ဘားအံ(ဒုဗိုလ်မှဗိုလ်ကြီး)၊ ၁၉၇၈မှ၁၉၈၆၊
(၂) ခမရ (၁၁၉)ပုသိမ်ကြီး(ဗိုလ်ကြီး)၊
(၃) တိုင်းဗဟို၊ (၄)သင်တန်းကျောင်း (နည်းပြဗိုလ်ကြီး)ဝဲကလိ၊
(၄) ကချင်(၄)ဗိုလ်ကြီး၊
(၅) ခလရ(၂၃၀) ကော့ကရိတ်(ဗိုလ်မှူး)၊
(၆) ခ.မ.ရ(၂၀၄)၊ ဗိုလ်မှူး-ဒုတပ်ရင်းမှူး၊ဘားအံ၊
(၇) ခ.မ.ရ (၂၀၂)ဘားအံ၊ (တောင်ကလေး၊ တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး၊
(၈) တ.မ.ခ (၇၇)၊ ပဲခူး၊ ဒု-ဗိုလ်မှူးကြီး၊ စစ်ဦးစီးမှူး ပထမတန်း၊
(၉) စ.က.ခ (၁၈) မိုင်းဖြတ်၊ ဗိုလ်မှူးကြီးနည်းဗျူဟာမှူး၊ ခေတ္တ စ.က.ခမှူး၊
(၁၀) တ.မ.ခ (၈၈)မကွေး၊ ဗိုလ်မှူးကြီး ၊ နည်းဗျူဟာမှူး၊ (ခေတ္တ၊ တပ်မမှူး)
(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း
| စဉ် | မှ | ထိ | သွားရောက်သည့်နိုင်ငံများ | သွားရောက်သည့်ကိစ္စ | မည်သည့်အစိုးရ အဖွဲ့အစည်းအထောက်အပံ့ဖြင့် သွားရောက်သည် |
| ၁ | ၁၁.၇.၂၀၁၃ | ၂၀.၇.၂၀၁၃ | တရုတ်ပြည် | ပါတီနိုင်ငံရေး | ပြည်ခိုင်ဖြိုးပါတီ |
| ၂ | ၂၁.၉.၂၀၁၃ | ၂၉.၉.၂၀၁၃ | ဘယ်လ်ဂျီယမ် | လွှတ်တော်ကိစ္စ | ပြည်ထောင်စုလွှတ်တော် |
(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် –
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တင်းပြည့် ၁၆၂၃၄၄၉ . တပ်ရင်းစည်းရုံးရေးကော်မတီဝင် (၁၉၇၅ မှ ၁၉၈၈)
(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး –
ကာကွယ်ရေးဦးစီးချုပ်၏ဂုဏ်ထူးဆောင်လက်မှတ်အပါအဝင်၊ စစ်မှုထမ်းနှင့်ပတ်သတ်သောတံဆိပ် (၁၃) ခု
(စ) အခြားဖော်ပြရန်ရှိသည်များ –
၁၈.၈.၂၀၁၀ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ဝင်ရောက်ပြီး ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) ဘားအံမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။