Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် UNAIDS Myanmar မှ Country Director, Oussama Tawil ဦးဆောင်သောအဖွဲ့တို့သည် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီနှင့် UNAIDS Myanmar မှ Country Director, Oussama Tawil ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို (၃.၃.၂၀၂၀)ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင် အမှတ် (I-14) အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် UNAIDS Myanmar မှ Country Director, Oussama Tawil ဦးဆောင်သောအဖွဲ့တို့သည် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေကြမ်း နှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် UNAIDS Myanmar မှ Country Director, Oussama Tawil ဦးဆောင်သောအဖွဲ့တို့တက်ရောက်ပြီး အစည်းအဝေးကို (၁၃:၃၀) နာရီအချိန်တွင် ရုပ်သိမ်းပါသည်။