ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်)တနင်္လာနေ့၊ နံနက် (၁၀)နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်-