Share this

နယူးဇီလန်နိုင်ငံ အော့ကလန်နည်းပညာတက္ကသိုလ် ပါမောက္ခဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် နယူးဇီလန်နိုင်ငံ အော့ကလန် နည်းပညာတက္ကသိုလ် Auckland University of Technology ၏ Pro-Vice Chancellor၊ ပါမောက္ခ Nigel Hemmington ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် အမျိုးသားလွှတ်တော်၊ ဗီယက်နမ်-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ၊ သတ္တု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးနေဝင်းထွန်း၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါ်နန်းနီနီအေး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးတင်ရှန်၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးကံညွန့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။