နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်းကော်မတီအစည်းအဝေး (၁/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ( ၁၄၀၀)နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အပေါ်ထပ်၊ လွှတ်တော်သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၇) ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ပူးပေါင်းကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်နှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။