နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်၊ အမျိုးသားလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား UNFPA၊ United Nations Country Team(UNCT) မှ ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson နှင့်အဖွဲ့ဝင်များသည် ယနေ့ ညနေ(၃:၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(၂၀) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း၊ အမွေဆက်ခံခြင်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းစသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။