Share this

ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆံဆက်ရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) အထွေထွေ အတွင်းရေးမှူးချုပ် MR. MARTIN CHUNGONG လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆံဆက်ရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong က (၁.၁၀.၂၀၁၆)ရက်နေ့ နံနက် (၁၀၃၅)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေဆုံပါသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာပါလီမန်များအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့်အတွက် (IPU)နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာလွှတ်တော်သို့ (IPU)မှ ကူညီထောက်ပံ့ပေးနေသည့်ကိစ္စရပ်များ၊ နောင်တွင် (IPU)ညီလာခံအား အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှ လက်ခံကျင်းပနိုင်မည့်အလားအလာများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ (IPU) ပူးပေါင်းကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် ဒေါ်နန်းမိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။