ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးကာလအတွင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာကော်မတီ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် ဒုတိယသုံးလပတ် ကုန်အထိ အကောင်အထည်ဖော် နိုင်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၃) ကို ၁၇-၁-၂၀၁၃ ရက်နေ့တွင် ကော်မတီရေးရာဆောင်၌ ကျင်းပခဲ့ပါသည်။