အမျိုးသားလွှတ်တော်ဒုတိဥက္ကဋ္ဌ ဦးအေးသာအောင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေနှင့်အတူ (၃၀.၁.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ဒေလီမြို့ Taj Palace Hotel ရှိ Shanjehan, Ballroom တွင် ပြုလုပ်သည့် (၁၂) ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာပန်ကြားချက် (၂၀၁၇) ခုနှစ် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး Nippon Foundation မှတာဝန်ရှိသူများ၊ WHO မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် များ ဆွေးနွေးခြင်းအစီအစဉ်တွင် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေ တို့မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အနာကြီးရောဂါခံစားနေရသည့် လူနာများအား ခွဲခြားဆက်ဆံမှုမရှိစေရေးနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများရရှိရေး၊ မြန်မာနိုင်ငံအတွင်း အနာကြီးရောဂါ လုံးဝပပျောက်ကင်းစင်ရေးအတွက် လွှတ်တော်အနေဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။