အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် အမျိုးသားကာကွယ်ရေး ကော်မတီအဖွဲ့ဝင် ရေတပ်ဗိုလ်ချုပ်ကြီး(ငြိမ်း) Hon, Mr. KIM Sung Chan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီနှင့် ကိုရီးယား- မြန်မာ လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေး ကော်မတီအသင်းဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ အမျိုးသားလွှတ်တော်ရေးရာကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။