Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂျပန် KEIO CORPORATION MD အားတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဂျပန် KEIO Corporation ၏ Managing Director Mr. Mamoru Yamamoto  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးမြညိမ်း၊ သတ္တုသယံဇာတနှင်‌့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ ဂျပန်-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအဖွဲ့ဝင် ဦးနေဝင်းထွန်း၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်၊ ဂျပန်-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအဖွဲ့ဝင် ဦးဝင်းမောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။