အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(လျှပ်စစ်ကဏ္ဍ)မှ တာဝန်ရှိပုဂ္ဂိုလ်များက (၁၁.၁၂.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးသည်။
ယင်းတွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(လျှပ်စစ်ကဏ္ဍ)မှ အင်ဂျင်နီယာချုပ် ဦးသူရအောင်ဘို နှင့်အဖွဲ့ဝင်(၅)ဦးတို့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(လျှပ်စစ်ကဏ္ဍ)မှ World Bank ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)ရှိ ကျေးရွာများ မီးလင်းရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင် ကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့်အဖွဲ့ဝင်(၉)ဦးတို့ တက်ရောက်ကြပါသည်။