အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြင်ပပုဂ္ဂိုလ်များက (၁၂.၃.၂၀၂၀)ရက်နေ့ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17)အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းတွေ့ဆုံရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်-မန္တလေးအမြန်လမ်းအနီးနေထိုင်သည့် ကျေးရွာပြည်သူများက မိုင်တိုင် ၁၁၁/၃ (သို့မဟုတ်) ၁၁၁/၅ တွင် သံဇကာများကာရံထားခြင်း အပေါ် လူဝင်ပေါက်တစ်ခု ချထားပေးနိုင်ရေး အသနားခံတင်ပြစာနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီအဖွဲ့ဝင်များ၊ ပြင်ပပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။