အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ရှီလာနန်တောင်(ခ) အမ်နန်တောင်နှင့် ကော်မတီဝင်များအား ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ ဒုတိယအကြီးအကဲ Ms. Kristen Bauer သည် (၁၈-၈-၂၀၁၆) ရက်နေ့ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံနှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် တိုင်းရင်းသားရေးရာကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းဆောင်ရွက်မှုများကို မေးမြန်းဆွေးနွေးခဲ့ပြီး ကူညီနိုင်မည့် ကိစ္စရပ်များရှိပါက ကူညီရန် အသင့်ရှိကြောင်း ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ရှီလာနန်တောင်(ခ) အမ်နန်တောင်နှင့်အတူ အတွင်းရေးမှူး ဦးခွန်သိန်းဖေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးလှဦး၊ ဦးခင်ဝင်း၊ ဦးငွန်ဟေး၊ ဒေါ်သီရိရတနာနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။