အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် The World Bank မှ တာဝန်ရှိပုဂ္ဂိုလ်များအား (၂၉-၅-၂၀၁၉)ရက်နေ့ (၁၅၃၀)နာရီအချိန်တွင် ရေးရာဆောင် (I-15) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထို့ကဲ့သို့လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး The World Bank ဘက်မှ တာဝန်ရှိပုဂ္ဂိုလ် (၅)ဦးနှင့်အတူ Interpreter (၁)ဦးတို့ တက်ရောက်ခဲ့ကာ ဆွေးနွေးပွဲအား (၁၆၂၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။