Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်တုတ်တို့အား အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ အခြေစိုက်၊ မြန်မာ-အမေရိကန်လူမျိုးများ ကွန်ယက်အသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးသခင်ခိုင်ဘွားတို့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်တုတ်တို့အား အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ အခြေစိုက်၊ မြန်မာ-အမေရိကန်လူမျိုးများ ကွန်ယက်အသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးသခင်ခိုင်ဘွားတို့က (၂၄.၅.၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၄:၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံ၌ အမေရိကန်-မြန်မာ လူမျိုးများကွန်ယက်အသင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံအား ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမားရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အတူ အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီအတွင်းရေးမှူး ဦးကျော်တုတ်နှင့် ကော်မတီဝင်များဖြစ်ကြသော ဦးစိုင်းအုန်းကျော်၊ ဦးရဲမြင့်စိုး၊ ဗိုလ်မှူးဇဝန၊ ဦးဇော်ဟိန်း၊ ဦးနိုင်ကိုကို၊ ဦးမောင်မောင်လတ်၊ ဦးချစ်ထွေး၊ ဦးကျော်သောင်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။