အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ဒေသ ပြည်သူ့ကွန်ဂရက် ဒုတိယအကြီးအကဲ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ ဒုတိယဥက္ကဋ္ဌ Mr. Bianba Zhaxi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က (၇.၁၁.၂၀၁၆) ရက်နေ့ (၁၄၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် တိဘက်ပြည်နယ်နှင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအကြား အပြန်အလှန်လည်ပတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တရုတ်-မြန်မာဆက်ဆံရေးပိုမိုမြှင့်တင်နိုင်ရေး၊ ဘက်စုံကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေး ပိုမိုတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။