Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်တင် ပြင်သစ်သုတေသီ DR. RENAUD EGRETEAU အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်တင်အား ယနေ့ နံနက် (၉း၀၀) နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင် I-20 ၌ ပြင်သစ်သုတေသီနှင့် အရှေ့တောင်အာရှလေ့လာရေးဌာနတွင် ဧည့်သုတေသီအဖြစ် ဆောင်ရွက်နေသော ပြင်သစ်လူမျိုး Dr. Renaud Egreteau မှ လာရောက်တွေ့ဆုံသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်တင်၊ အမျိုးသားလွှတ်တော် အခွင့်အရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချုပ် သက်ထွန်းအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး လွှတ်တော်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။