အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အားကုလသမဂ္ဂ၏ မြန်မာနိုင်ငံအလူအခွင့်ရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ ဦးဆောင်သောအဖွဲ့သည် (၂၉.၆.၂၀၁၆) ရက်နေ့ (၁၆ ၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပတ်သက်၍ ရောက်ရှိလာသည့် တိုင်ကြားစာများအား ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်တွင်းလူမှုအထောက်အကူအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကူဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။