Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် မသန်စွမ်းသူများအသင်းချုပ်မှ ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပွဲကို (၂၀.၈.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17)အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်၊ အတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဦးဆောင်သောအဖွဲ့များမှ အစိုးရ၏ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အား လက်တွေ့အကောင်အထည်ဖော်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ် ထင်ဟပ်ရေးသားသည့် သီးခြားအစီရင်ခံစာနှင့်စပ်လျဉ်း၍ အစီရင်ခံစာ ရေးသားပြင်ဆင်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အားလည်းကောင်း၊ ကော်မတီမှ ဆောင်ရွက်ပေးစေလိုသော အကြံပြုချက်များအားလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာ မသန်စွမ်းသူများအသင်းအဖွဲ့များမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၄၃၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။