Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် Westminster Foundation for Democracy (WFD)၏ အစီအစဉ်ဖြင့် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်မည့် Mr.Stephen Twigg တို့ တွေ့ဆုံဆွေးနွေးခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် Westminster Foundation for Democracy (WFD)၏ အစီအစဉ်ဖြင့် ပညာရေးမြှင့်တင်မှုကော်မတီ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်မည့် Mr.Stephen Twigg တို့သည် (၅-၂-၂၀၂၀)ရက်နေ့၊ လွှတ်တော်အစည်းအဝေးပြီးစီးချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဥပဒေမပြုမီ ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌဒေါ်နော်မြစေး၊ အတွင်းရေးမှူးဦးကျော်တုတ်၊ ကော်မတီအဖွဲ့ဝင်များနှင့် ကော်မတီဝန်ထမ်းများ တက်ရောက်ကြပါသည်။