Share this

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား မလေးရှားနိုင်ငံ၊ AVALANT INTERNATIONAL LIMITED မှ COUNTRY DIRECTOR, MR. ANG KOON YEW ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား မလေးရှားနိုင်ငံ၊ Avalant International Limited မှ Country Director, Mr. Ang Koon Yew ဦးဆောင်သောအဖွဲ့က (၇-၁၂-၂၀၁၆) ရက်နေ့ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15) ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားအလုပ်သမားများ၏ လူမှုဘဝဖူလုံမှုအတွက်  Crisis Management System ကို ကျွမ်းကျင်စွာကိုင်တွယ်ဖြေရှင်းနိုင်ပါက ဘဏ်လုပ်ငန်းစနစ်အား နိုင်ငံတကာနည်းတူ ယုံကြည်တွင်ကျယ်စွာ သုံးစွဲနိုင်ရန်မြှင့်တင်နိုင်ခြင်း၊ နိုင်ငံတကာအဆင့်မီအာမခံစနစ်၏အကျိုးကျေးဇူးကို သိရှိအသုံးပြုလာစေခြင်း၊ နိုင်ငံတော်၏ လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် အခွန်ဆောင်စေခြင်းများအား ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးစောသန်းထွဋ်၊ အတွင်းရေးမှူး ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်နှင့် အဖွဲ့ဝင်(၂)ဦး၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး၊ အတွင်းရေးမှူး ဦးဇော်မင်းလတ်နှင့် အဖွဲ့ဝင်(၄)ဦး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။