အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဥက္ကာမင်းနှင့် အဖွဲ့ဝင်များအား ကနေဒါနိုင်ငံ Ontario ပြည်နယ် အမတ်ဟောင်း Ms. Monique Marthe Smith ဦးဆောင်သောအဖွဲ့က (၇.၂.၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15) အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံသည်။
ကော်မတီများအား ပညာရပ်ဆိုင်ရာ အကူအညီနှင့် သက်ဆိုင်ရာ အကြောင်းအရာအလိုက် အကြံဉာဏ်ပေးခြင်း အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဥက္ကာမင်းနှင့် ကော်မတီအဖွဲ့ဝင်များအပြင် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။