အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား EuroCham Myanmar Garment Advocacy Group မှ Mr.Serkan Tanka ဦးဆောင်သောအဖွဲ့က (၂၅.၂.၂၀၂၀)ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အထည်ချုပ်လုပ်ငန်း၏ တိုးတက်မှုများ၊ GSP ပြဿနာများနှင့် စပ်လျဉ်း၍ Public Private ကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် ကော်မတီအဖွဲ့ဝင်များအပြင် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။