အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ၎င်းဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၁၁.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်နှင့် တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးမြင့်ဦး နှင့် တာဝန်ရှိသူများ၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးစိုးဦးနှင့် တာဝန်ရှိသူများ၊ INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။