အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၅.၁၁.၂၀၁၉)ရက်နေ့ ( ၁၂:၃၀ )နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ကော်မတီမှ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုး ထားသော INGOs အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဒေါက်တာပြည့်ဖြိုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၃:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။