အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား UNAIDS Myanmar အဖွဲ့တို့က (၁၉.၆.၂၀၁၈)ရက်နေ့ မွန်းလွဲ(၁၄၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-18)ကော်မတီအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် UNAIDS Myanmar အဖွဲ့မှ “ခုခံအားကျဆင်းမှုဆိုင်ရာ ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ သိလိုသည်များကို တွေ့ဆုံဆွေးနွေးပြောကြားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်သန်း၊ ဒေါက်တာတင်တင်ဝင်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဒေါ်အိအိပြုံး၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။