Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (GENDER STUDIES CENTER) မှ ဆရာ/ဆရာမ (၅)ဦးနှင့် သင်တန်းသား/ သင်တန်းသူများ လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (GENDER STUDIES CENTER) မှ ဆရာ/ဆရာမ (၅)ဦးနှင့် သင်တန်းသား/ သင်တန်းသူ (၃၀)ဦးတို့သည် (၂၄.၅.၂၀၁၈) ရက်၊ ကြာသပတေးနေ့၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) ကော်မတီအစည်းအဝေးခန်းမ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (GENDER STUDIES CENTER) အဖွဲ့က “ကော်မတီလုပ်ငန်းများအား”တွေ့ဆုံဆွေးနွေးပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာတင်တင်ဝင်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါ်ခင်ဆွေလွင်၊ ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးညီစိန်၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။