Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းအား ဖက်ဒရယ်နိုင်ငံများဖိုရမ်က လာရောက်တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌသည် ဖက်ဒရယ်နိုင်ငံများဖိုရမ်နှင့် (၁၁.၁၂.၂၀၁၉)ရက်နေ့၊ (၁၄၃၅)နာရီမှ (၁၅၀၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  

ယင်းသို့တွေ့ဆုံရာတွင် “အမျိုးသားလွှတ်တော်နှင့် နားလည်မှုသဘောတူစာချွန်လွှာ ရေးထိုး၍ ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိသောလုပ်ငန်းများ” နှင့်စပ်လျဉ်း၍  ဆွေးနွေးပြောကြားပါသည်။ 

အဆိုပါအစည်းအဝေးသို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင် (၂)ဦးဖြစ်သည့် ဒေါ်ရွှေရွှေစိန်လတ်၊ ဒေါ်မြတ်သီတာထွန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။