အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌကိုယ်စား ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌမှ ထိုင်းနိုင်ငံ Senior Colonel Ruengrit Bunyat. Deputy Chief of Office of Asian Affairs ဦးဆောင်သော Group Officer of Asian Affairs Office of Policy and Planning Ministry of Defense မှ အဖွဲ့ဝင် (၂၈) ဦးတို့အား နေပြည်တော်၊ အမျိုးသားလွှတ်တော်၊ ရေးရာဆောင် (I-18) တွင် ၂၄-၃-၂၀၁၅၊ နံနက် (၀၉:၁၅) နာရီတွင် လက်ခံ တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့်အတူ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ဦးဖေသောင်းတို့ တက်ရောက် ခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒေါက်တာခင်ရွှေ၊ ဦးခင်မောင်ရီ၊ ဦးမြင့်ထွန်းတို့မှ မိတ်ဆက် နှုတ်ခွန်းဆက်စကားပြောကြား၍ ထိုင်းနိုင်ငံဘက်မှ Senior Colonel Ruengrit Bunyat မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တွေ့ဆုံပွဲအားနံနက် (၀၉း၄၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။