အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဉီးဆောင်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ ပါဝင်သော အဖွဲ့သည်(၂၃-၅-၂၀၁၉)ရက် (ကြာသပတေးနေ့) မွန်းလွဲ (၁၃၀၀) နာရီတွင် နေပြည်တော် ရှိ အမျိုးသားလွှတ်တော်၊ ရေးရာ ဆောင်အမှတ် (I-16) အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များ သိလိုသည်များ မေးမြန်းခြင်းကို ဖြေကြားခြင်းနှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ အပြန်အလှန်ဆွေးနွေးခြင်း တို့ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဉီးဇော်မင်း၊ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။