အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်းအား ၂၃-၉-၂၀၁၄ ရက်နေ့ မွန်းလွဲ (၂)နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင် (I-20)၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် National Resource Governance Institute (NRGI) ၏ Parliamentary Capacity Development Officer, Ms. Femke Brouwer ခေါင်းဆောင်သောအဖွဲ့မှ သွားရောက် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ နှင့်အတူ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဌ ဦးသိန်းဝင်း၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ဦးနေဝင်းထွန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သဘာဝသယံဇာတနှင့် ပတ်သက်သော သတ္တုတွင်း ဥပေဒေရေးဆွဲခြင်း အကြောင်းအရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက် စေရန် လိုအပ်သည့် ကူညီမှုပေးခြင်း ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။