Share this

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်မှ ဦးပြေငြိမ်းအောင် ဦးဆောင်သော ဒေသခံတောင်သူလယ်သမားများ တွေ့ဆုံခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီသည် ဧရာဝတီတိုင်းဒေသကြီး ၊ အင်္ဂပူမြို့နယ်မှ ဦးပြေငြိမ်းအောင်ဦးဆောင်သော ဒေသခံတောင်သူလယ်သမားများအား (၂၅-၇-၂၀၁၉)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ရေးရာဆောင် (I–15) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် အင်္ဂပူမြို့နယ်မှ ဦးပြေငြိမ်းအောင်ဦးဆောင်သော ဒေသခံ တောင်သူလယ်သမားများက “သိမ်းဆည်းခံလယ်ယာမြေကိစ္စရပ်များနှင့်ပတ်သက်၍” တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် အင်္ဂပူမြို့နယ် ဒေသခံတောင်သူ လယ်သမား (၁၆)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို (၁၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။